ကုန်းလမ်းကုန်စည် အာမခံ
ကုန်းလမ်းခရီးဖြင့် ကုန်ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် သတ်မှတ်ထားသောရီးစဉ်အတွင်း သယ်ဆောင်လာသည့်မော်တော်ယာဉ် တိမ်းမှောက်ခြင်း၊ မီးလောင်ပေါက်ကွဲခြင်း၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊ ပြင်ပမှ အခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း၊ သဘာဝဘေးအန္တရာယ်အရ ပျက်စီးခြင်း စသည်တို့ကြောင့် ကုန်ပစ္စည်းများ ဆုံးရှုံးပျက်စီးမှုအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
ကုန်စည်ကူးသန်းရောင်း၀ယ်ကြသည့် ကုန်ပစ္စည်းပိုင်ရှင်များ
စီးပွားရေးလုပ်ငန်းရှင်များ
ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသူများ
ကုန်ပစ္စည်းပိုင်ရှင်၏ကိုယ်စားလှယ်များ
ခရီးတစ်ခေါက်
(ကုန်ပစ္စည်းများကို စတင်သယ်ယူသည့်တစ်နေရာမှ ဆိုက်ရောက်သည့် တစ်နေရာသို့ ရောက်ရှိသည့်အချိန် ကာလအထိ အကာအကွယ်ပေးပါသည်။)
သယ်ယူသည့် ကုန်ပစ္စည်းတန်ဖိုး
(ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ၁၀% အပိုဆောင်း၍ ထားနိုင်ပါသည်။)
(က)လုံးဝဆုံးရှုံးမှုအကာအကွယ်
(Total Loss Only)
- သဘာဝဘေးအန္တရာယ် (သို့) မမြင်နိုင်သည့်အရာဝတ္ထုတစ်ခုနှင့် မတော်တဆ ထိခိုက်မှု (သို့) မီးလောင်၍သော်လည်းကောင်း၊ ယာဉ်မတော်တဆမှု၊ တိမ်းမှောက်မှုတို့ကြောင့် ကုန်ပစ္စည်းများ လုံးဝ ပျက်စီး ဆုံးရှုံးမှုများ အတွက်သာအကျုံးဝင်သည်။
- တစ်စိတ်တစ်ဒေသပျက်စီးမှုအကျုံးမဝင်ပါ။
(ခ) အလုံးစုံအန္တရာယ်အကာအကွယ်
(All Risks)
(*Myanma Insurance မှာသာ ရရှိနိုင်သော အကာအကွယ်)
- အာမခံအကာအကွယ်များအနက် အကျယ်ပြန့်ဆုံးဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ဆုံးရှုံးမှု ကိုပါ အကာအကွယ်ပေးပါသည်။
ပရီမီယံနှုန်းများ
- (က) လုံးဝဆုံးရှုံးမှုအကာအကွယ် (Total Loss Only)
အထွေထွေကုန်ပစ္စည်း | ၀.၁၄% |
လောင်စာဆီသယ် | ၀.၂၈% |
ကွဲရှလွယ်ပစ္စည်းသယ် | ၀.၈၀% |
- • (ခ) အလုံးစုံအန္တရာယ်အကာအကွယ် (All Risks)
အထွေထွေကုန်ပစ္စည်း | ၀.၅၆% |
ကွဲရှလွယ်ပစ္စည်း၊ ဓာတ်မြေသြဇာ | ၀.၈၀% |
ထပ်တိုးပရီမီယံ
စစ်ကြေးနှင့်အပိုအန္တရာယ် (MI) | ၀.၀၅% |
စစ်နှင့် စစ်အသွင် (FNI) *အစိုးရ လုပ်ငန်းများအတွက်သာ* | ၀.၁၀% |
သပိတ်၊ အဓိကရုဏ်း ၊ လူထုအုံကြွမှု (FNI) *အစိုးရ လုပ်ငန်းများအတွက်သာ* | ၀.၀၆% |
ပရီမီယံနှင့်တကွ တံဆိပ်ခေါင်းဘိုးကို တစ်ကြိမ်တည်းပေးသွင်းရန်ဖြစ်ပါသည်။
(အာမခံထားငွေကျပ် ၁ သိန်းပြည့်တိုင်း ကျပ် ၁၀/- နှုန်း)
အာမခံထားရန် လိုအပ်ချက်များ
- (၁) အာမခံထားရှိမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အလေးချိန်
- (၂) ကုန်ပစ္စည်းတန်ဘိုး (သို့မဟုတ်) အာမခံတန်ဘိုး
- (၃) သယ်ဆောင်မည့်ယာဉ်အမည် (သို့မဟုတ်) ယာဉ်အမျိုးအစား/အမှတ်
- (၄) ယာဉ်ထွက်ခွာမည့်ဒေသမှ ယာဉ်ရောက်ရှိမည့်ဒေသ
- (၅) ယာဉ်ထွက်ခွာမည့်ရက်
- (၆) ကုန်ပစ္စည်းထုတ်ပိုးပုံ
- (၇) ကုန်ပစ္စည်းသယ်ဆောင်ပုံ၊ တစ်ခေါက်တည်း (သို့မဟုတ်) အလီလီတင်ခြင်း
- (၈) ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း၊ လမ်းတွင်ရပ်နားခြင်း ရှိ-မရှိ
- (၉) ယူလိုသည့်အကာအကွယ်
- (၁၀) အခြားဖော်ပြလိုသည့်အကြောင်းအရာ
- (၁၁) အာမခံထားသူ၏ အမည်နှင့်နေရပ်လိပ်စာ
- (၁၂) အဆိုပြုလွှာနှင့်အတူ ယာဉ်လိုင်စင်မိတ္တူနှင့်ကုန်စည်ပို့ဆောင်ခွင့်လိုင်စင်မိတ္တူ (၂) မျိုးလုံး တင်ပြရန်။
လျော်ကြေး အကျုံးမဝင်သောကိစ္စရပ်များ
- • သတ်မှတ်ထားသော စည်းကမ်းများနှင့် မညီညွှတ်သော ပျက်စီးဆုံးရှုံးမှုများ
- • သတ်မှတ်ထားသော အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ
- • ခရီးစဉ် စတင်မထွက်ခွာမှီနှင့် ခရီးဆုံးသို့ ရောက်ရှိပြီးနောက်ပိုင်း ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ
- • အကြောင်းတစ်စုံတစ်ရာကြောင့် ခရီးစဉ် နှောင့်နှေးကြန့်ကြာသဖြင့် ကုန်ပစ္စည်းများ ပုပ်သိုးယိုယွင်းခြင်းနှင့် ပစ္စည်း၏ ပင်ကိုယ်သဘာဝ အရ ပျက်စီးဆုံးရှုံးမှုများ
- • သတ်မှတ်ထားသော မော်တော်ယာဉ်လိုင်စင် နှင့် လုပ်ငန်းလိုင်စင်များ မရှိခြင်းနှင့် သက်တမ်းကုန်ဆုံးနေခြင်း
လျော်ကြေးတောင်းခံမည့် အစီအစဉ်
လျော်ကြေးပေါ်ပေါက်လာလျှင် ကာကွယ်ပါ hotline no 09253388122 သို့ ချက်ချင်း အကြောင်းကြားပေးပါရန်။
ကာကွယ်ပါမှ ဝန်ထမ်းတစ်ဦးဦးမှ လျှော်ကြေးတောင်းခံရမည့် ကိစ္စရပ်များအတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
အာမခံကိစ္စနှင့်ပတ်သတ်၍ အဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာမှုရရှိစေရန်အတွက် လူကြီးမင်း တို့အား ဝန်ဆောင်မှု ပေးရန် အမြဲအဆင်သင့် ရှိနေပါသည်။
#ကာကွယ်ပါနဲ့ ကာကွယ်လိုက်ပါ
Contact
-
No 13, Room (B-1), Ground Floor Lakeken Street, Pazundaung Township Yangon, Myanmar, PO-11171
- 09777884834
- info@karkwalpar.com