Industry All Risks Insurance

စက်မှုလုပ်ငန်း အလုံးစုံအန္တရာယ်အာမခံ

စက်မှုလုပ်ငန်းသုံးအလုံးစုံအာမခံသည် မူလံ (စံ) မီးအာမခံပေါ်လစီတွင်ပါရှိသော အကာအကွယ်များဖြစ်သည့် မတော်တဆ လောင်ကျွမ်းသောမီး၊ အခြားမှကူး စက်လောင်ကျွမ်းသောမီး၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး၊ အိမ်သုံးဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့်လောင်ကျွမ်းသော မီးများကြောင့်ပျက်စီးခြင်း စသည်တို့အပြင် ပိုမို ကျယ်ပြန့်သော အကာအကွယ်များပါဝင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ အာမခံထားနိုင်သည့် ပစ္စည်းများ ရရှိနိုင်သည့် အကာအကွယ်များ

အသေးစားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်းရှင်များစက်ရုံပိုင်ရှင်များ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ လုပ်ငန်းရှင်များ

အဆောက်အဦး၊ စက်ပစ္စည်း၊ ပရိဘောဂနှင့် ပရဝုဏ်အတွင်းရှိ ကုန်ပစ္စည်းများ ကုန်ကြမ်း၊ ကုန်ချော (အချောထည်များ)

(က)     ပစ္စည်းဥစ္စာပျက်စီးဆုံးရှံးခြင်း

 (ခ)       လုပ်ငန်းပြတ်တောက်ခြင်း

(က)     ပစ္စည်းဥစ္စာပျက်စီးဆုံးရှံးခြင်း

  • ပျက်စီးခြင်းအားလုံး စံသတ်မှတ်ထားသည့် မီးအာမခံပေါ်လစီအရ အိမ်သုံး (သို့မဟုတ်) အလင်းရောင်ရရှိစေရေးရည်ရွယ်ချက်အဖြစ် အသုံးပြုသော မီး၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့ပေါက်ကွဲမှုများအတွက် အကာအကွယ်ပေးခြင်း။

စံသတ်မှတ်ထားသော မီးအာမခံပေါ်လစီတွင်ပါရှိသည့် ပေါက်ကွဲပျက်စီးခြင်း၊ လေမုန်တိုင်းအမျိုးမျိုး၊ အဓိကရုဏ်း၊ သပိတ်မှောက်ခြင်း၊ မသမာဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊ ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးခြင်း၊ လေယာဉ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ရေကြီးရေလျှံခြင်း၊ ရေကြောင့်ပျက်စီးခြင်း၊ မြေငလျင်ကြောင့် မီးလောင်ခြင်း ၊ အလိုလျောက်မီးစွဲလောင်ခြင်း အစရှိသည်တို့ကို ထပ်ဆောင်းအကာအကွယ်ပေးခြင်း။

အာမခံပေါ်လစီအောက်တွင် အကျယ်တဝင့် ရှင်းလင်းစွာဖော်ပြထားသော အခြားပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးခြင်း။

(ခ)       လုပ်ငန်းပြတ်တောက်ခြင်း

  • ပျက်စီးဆုံးရှုံးမှုအပိုင်း (က)တွင် ဆက်စပ်သော (၁) လစာ (၂) စုစုပေါင်းအမြတ်ငွေ စသဖြင့်ကဲ့သို့ လုပ်ငန်းပိုင်ဆိုင်ရာ ဝင်ငွေဆုံးရုံးမှုများအတွက် ပြန်လည်အစားထိုးပေးခြင်း ။

အာမခံထားနိုင်သည့် သက်တမ်း                        –           (၁)နှစ်

အာမခံထားငွေ                                                  –           အာမခံထားသော ပစ္စည်းများ၏ ဝယ်ယူတန်ဖိုး

အာမခံနှုန်းထား                                                 –          

  • အဆောက်အဦးအမျိုးအစား၊ အကျယ်အဝန်း
  • အဆောက်အဦးအသုံးပြုပုံနှင့် ဂိုထောင်တွင် သိမ်းဆည်းထားသော ပစ္စည်းအမျိုးအစား
  • မီးဘေးအကာအကွယ် ( မီးသတ်စနစ်စီစဉ်ထားရှိမှု)
  • ပြင်ပအန္တရာယ်သက်ရောက်မှု (ပြင်ပအန္တရာယ်သက်ရောက်မှု (မြေပုံညွှန်း သို့မဟုတ် အာမခံထားမည့် အဆောက်အအုံ၏ တည်နေရာ)

စီစဉ်ထားရှိမှု (အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးစနစ် သို့မဟုတ် FEA)  ပရီမီယံသတ်မှတ်ချက်အရ  နှုန်းထားများသည် နေထိုင်မှုပုံစံ၊ ဆောက်လုပ်ရေးအမျိုးအစား၊ ပိုင်ဆိုင်မှု ပုံစံရေးဆွဲမှု၊ မီးဘေးကာကွယ်ရေး ပစ္စည်းများနှင့် လုံခြုံရေးအစီအမံများ၊ လွန်ခဲ့သော ၃နှစ်အတွင်း အသေးစိတ် လျော်ကြေးအတွေ့အကြုံများ၊ risk assessment report (ရှိပါက) နှင့် အာမခံတန်ဖိုး ခွဲခြားစိတ်ဖြာမှုတို့အပေါ် မူတည်ပါသည်။ 

တစ်နှစ်စာ ပရီမီယံ    –   အာမခံထားငွေ  x  အာမခံနှုန်းထား

အာမခံထားရန် လိုအပ်ချက်များ

  • အန္တရာယ်၏ တည်နေရာ၊ နေထိုင်မှုနှင့် အဆောက်အဦးအမျိုးအစား
  • မီးဘေးကာကွယ်ရေး ပစ္စည်းများနှင့် လုံခြုံရေးအစီအမံများ
  • လွန်ခဲ့သော ၃နှစ်က အသေးစိတ် Claims အတွေ့အကြုံများ
  • Risk assessment report (ရှိပါက)
  • အဆောက်အဦးတည်နေရာပြပုံစံ
  • အာမခံတန်ဖိုးအသေးစိတ်စာရင်း

လျော်ကြေး အကျုံးမဝင်သောကိစ္စရပ်များ –

  • စစ်ပွဲနှင့် အကြမ်းဖက်မှုများကဲ့သို့ နိုင်ငံရေး အန္တရာယ်များနှင့် အကျိုးသက်ရောက်မှုများ
  • Sanction ကန့်သတ်ချက်များ
  • ပစ္စည်းများကို ပြုပြင်ခြင်း ကုန်ကျစရိတ်၊ မှားယွင်းသောလက်ရာ သို့မဟုတ် ဒီဇိုင်း
  • ရေဒီယိုသတ္တုကြွမှုကြောင့် ညစ်ညမ်းမှုဖြစ်ပေါ်ခြင်း၊ ဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ဇီဝဓါတုပစ္စည်းများ နှင့် လျှပ်စစ်သံလိုက် လက်နက်များကြောင့် ပျက်စီးမှုများ
  • ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် ပျက်စီးမှုများ
  • Covid-19 ကဲ့သို့ ရောဂါကူးစက်မှုများကြောင့် ဆုံးရှုံးမှုများ

လျော်ကြေးတောင်းခံမည့် အစီအစဉ်   

     လျော်ကြေးပေါ်ပေါက်လာလျှင် ကာကွယ်ပါ  hotline no 09253388122 သို့ ချက်ချင်း  အကြောင်းကြားပေးပါရန်။

     ကာကွယ်ပါမှ ဝန်ထမ်းတစ်ဦးဦးမှ လျှော်ကြေးတောင်းခံရမည့် ကိစ္စရပ်များအတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

*အာမခံကိစ္စနှင့်ပတ်သတ်၍ အဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာမှုရရှိစေရန်အတွက် လူကြီးမင်း တို့အား ဝန်ဆောင်မှု ပေးရန် အမြဲအဆင်သင့် ရှိနေပါသည်။*

#ကာကွယ်ပါနဲ့ ကာကွယ်လိုက်ပါ

Karkwalpar

Describe to our newsletter.
No, thanks
Karkwalpar
X