Motor Vehicle Insurance

မော်တော်ယာဉ်အာမခံ

ယာဉ်မောင်းနှင်စဉ် နှင့် ယာဉ်ရပ်နားထားစဉ် ဖြစ်ပေါ်နိုင်သော မတော်တဆထိခိုက် ပျက်စီးမှု အန္တရယ်များအား အကာအကွယ်ပေးထားခြင်းအပြင် မောင်းနှင်သူနှင့် အတူလိုက်ပါစီးနင်းသူများအတွက်ပါ အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် မော်တော်ယာဉ်အာမခံထားရှိပြီး စိတ်အေးချမ်းသာစွာ လိုရာခရီးမောင်းနှင်နိုင်ပါပြီ။

အာမခံထားခွင့် ရှိသူ အာမခံထားနိုင်သည့် မော်တော်ယာဉ်အမျိုးအစားများ အာမခံတန်ဖိုး ပရီမီယံနှုန်း အာမခံထားနိုင်သည့် သက်တမ်း အကျိုးခံစားခွင့်များ

ယာဉ်ပိုင်ရှင် (သို့) ယာဉ်ကို တာဝန်ယူကြီးကြပ်သူ

ကိုယ်ပိုင်ယာဉ် (အိမ်သုံး၊ လူစီး)လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်၊ အငှားယာဉ်၊ လူစီး (Bus Car) စိုက်ပျိုးရေးလုပ်ငန်းသုံးယာဉ်များ၊ ၀န်ချီစက်၊ မြေတူးစက်၊ မြေသယ်စက်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်

အာမခံထားမည့်ယာဉ်၏ ကာလပေါက်စျေး (Market Value)

အာမခံထားမည့်ယာဉ်တန်ဖိုး၊ အသုံးပြုပုံ၊ အမျိုးအစား အင်ဂျင်ပါ၀ါပေါ်မူတည်၍ ကောက်ခံခြင်းဖြစ်သည်။

အနည်းဆုံး (၃) လ မှ အများဆုံး (၁)နှစ်

(က)       အာမခံထားသည့် မော်တော်ယာဉ် ထိခိုက်ပျက်စီမှု (သို့)  ဆုံးရှုံးမှု

  • ယာဉ်တိုက်မိခြင်း၊
  • ယာဉ်တိမ်းမှောက်ခြင်း
  • မီးလောင်ပျက်စီးခြင်း၊ မိုးကြိုးပစ်၍ မီးလောင်ခြင်း၊
  • တပါးသူမှ မလိုတမာဖျက်စီးခံရခြင်း၊
  • မော်တော်ယာဉ်ကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်နေစဉ် (အတင်အချပြုလုပ်ခြင်း အပါအဝင်) လမ်းများ ရထားလမ်း ကုန်းတွင်း၊ ရေကြောင်း (မြစ်/တူးမမြာင်းများ ဖြတ်ကူးခြင်း)ရွှေ့လျားစက်လှေခါး (သို့) ဓာတ်လှေကားဖြင့် သယ်ယူပို့ဆောင်ခြင်း
  • ယာဉ်ပေါ်သို့ပစ္စည်းတစ်စုံတစ်ရာပြုတ်ကျ၍ ယာဉ်ပျက်စီးခြင်း၊
  • သပိတ်မှောက် အဓိကရုဏ်း ဆူပူထကြွ မငြိမ်သက်ခြင်းများ ကြောင့်  ယာဉ်ပျက်စီးခြင်း၊
  • လေကာမှန်ပျက်စီးဆုံးရှုံးခြင်း

(ခ)   သူတစ်ပါးသို့ ပေးလျော်ရန် တာဝန်ရှိမှု

  • အာမခံထားသည့်ယာဉ်ကြောင့် တစ်ပါးသူ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် တစ်ပါးသူပိုင်ပစ္စည်းများ ၊ ပျက်စီးဆုံးရှုံး ခြင်းများအတွက် လျော်ကြေးပေးဆောင်မှု (အများဆုံး သိန်း ၅၀၀အထိ)

(ဂ)    ကိုယ်အင်္ဂါထိခိုက်မှုနှင့် ဆေးဝါးကုသမှုစရိတ်

  • လူတစ်ဦးသေဆုံးခြင်းအတွက် အများဆုံး ကျပ် (၃၀)သိန်း
  • လူတစ်ဦးထိခိုက်ဒဏ်ရာရခြင်းအတွက် အများဆုံး ကျပ် (၃၀)သိန်း
အကာအကွယ် ကိုယ်ပိုင်ယာဉ် /အငှားယာဉ်
အာမခံထားသည့်ယာဉ်ထိခိုက် ပျက်စီး (သို့)ဆုံးရှုံးမှု ယာဉ်ဆွဲယူခ အများဆုံး ၃၀၀,၀၀၀ ကျပ်
သူတစ်ပါးသို့ ပေးလျော်ရန် တာဝန်ရှိမှု တရားရေးဆိုင်ရာ ကုန်ကျငွေ ၅၀၀,၀၀၀ ကျပ်
ကိုယ်အင်္ဂါထိခိုက်မှု အများဆုံး ၃,၀၀၀,၀၀၀ ကျပ်
ဆေးဝါးကုသမှုစရိတ် ၂၅,၀၀၀ ကျပ် x ၅၂ပတ်
သေဆုံးခြင်း နှင့် ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း ၃,၀၀၀,၀၀၀ ကျပ်
ကိုယ်အင်္ဂါထိခိုက်မှုနှင့် ဆေးဝါးကုသမှုစရိတ် ဆေးဝါးကုသမှုစရိတ် ၂၅,၀၀၀ ကျပ် x ၅၂ပတ်
သေဆုံးခြင်း နှင့် ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း ၃,၀၀၀,၀၀၀ ကျပ်
စဉ် မယူမနေရ အကာအကွယ်များ ပရီမီယံနှုန်း
ရှေ့လေကာမှန် ရှေ့လေကာမှန်တန်ဖိုး၏ ၆.၅%
သပိတ်မှောက်၊ အဓိကရုဏ်း၊ လူထုအုံကြွမှု အာမခံတန်ဖိုး၏ ၀.၀၆၅%
အပို အကာအကွယ်များ ပရီမီယံနှုန်း
ကားအခိုးခံရမှု အခြေခံပရီမီယံ၏ ၁၅%
သဘာဝဘေးအန္တရာယ် (Act of God) အာမခံတန်ဖိုး၏ ၀.၀၆၅%
စစ်ဘေးအန္တရယ် အာမခံတန်ဖိုး၏ ၀.၀၆၅%
Nil Excess (Private / Commercial) ၂၅၀၀၀ ကျပ်
Betterment အကာအကွယ် အခြေခံပရီမီယံ၏ ၃၀%

ရွေးချယ်ထားနိုင်သော အကာအကွယ်များ  

နှုတ်ဖြတ်ငွေ       (Excess)                      

အာမခံထားသူက လျော်ကြေးတွင် ဦးစွာကျခံရမည့် တန်ဖိုး  စံနုတ်ဖြတ်ငွေ (Standard Excess)  မှာ တစ်သိန်းကျပ်ဖြစ်သည်။

နုတ်ဖြတ်ငွေတိုးမြင့်သည်နှင့်အမျှ အာမခံပရီယံကြေးတွင် လျှော့ပေါ့ခံစားခွင့်ရှိသည်။

နုတ်ဖြတ်ငွေတန်ဖိုးနှင့် ထပ်ဆောင်း / လျှော့ပေါ့ပရီမီယံဇယား

နုတ်ဖြတ်ငွေအမျိုးအစား နုတ်ဖြတ်ငွေပမာဏ(ကျပ်) ပရီမီယံ(ကျပ်)
ထပ်ဆောင်း လျှော့ပေးငွေ
နုတ်ဖြတ်ငွေမရှိ - ၂၅၀၀၀ -
စံနုတ်ဖြတ်ငွေ ၁၀၀၀၀၀
ထပ်မံနုတ်ဖြတ်ငွေ ၂၀၀၀၀၀ ၂၅၀၀၀
၃၀၀၀၀၀ ၃၅၀၀၀
၅၀၀၀၀၀ ၆၀၀၀၀

*ထပ်မံနုတ်ဖြတ်ငွေအား အနည်းဆုံးအာမခံထားငွေ   (၂၀,၀၀၀,၀၀၀) ကျပ်မှ စတင်ပြီး ကျင့်သုံးပါမည်။

(လျော်ကြေးငွေ ၂၀၀,၀၀၀ ၊ ၃၀၀,၀၀၀ ၊ ၅၀၀,၀၀၀ အထိ မတောင်းလျှင် Discount အနေဖြင့် ၂၅,၀၀၀ ၊ ၃၅,၀၀၀ ၊ ၆၀,၀၀၀ အထိ ခံစားနိုင်သည်။

ပိုမိုကောင်းမွန်သော အကာအကွယ်အတွက် ဖြည့်စွက်စည်းကမ်းချက် (Betterment)          

မော်တော်ယာဉ်သည် အစားထိုးပစ္စည်းများဖြင့် ပြုပြင်ရာတွင် ပစ္စည်းအသစ်များသုံးစွဲခြင်းကြောင့် မူလပျက်စီးမှု မဖြစ်မီက ရှိခဲ့သော အခြေအနေထက် ပိုမိုကောင်းမွန်သွားသည့် အချိုးကျဝေစု စရိတ်တန်ဘိုးကို အာမခံထားသူက ပူးပေါင်းထည့်ဝင်ရန် ဇယား

သင်၏မော်တော်ယာဉ် မှတ်တမ်း (နှစ်) ကောင်းမွန်လာသောနှုန်း
၃ နှစ် ၅.၀၀%
၁၀.၀၀%
၁၅.၀၀%
၂၀.၀၀%
၂၅.၀၀%
၃၀.၀၀%
၃၅.၀၀%
၁၀ နှစ် နှင့်အထက် ၄၀.၀၀%

လျော်ကြေးမဲ့ဆု                    –     အာမခံထားသည့်ယာဉ်သည်ပထမနှစ်တွင် လျော်ကြေးတောင်းခံမှု မရှိလျှင် ရရှိနိုင်သော လျော်ကြေးမဲ့ ခံစားခွင့်များ

စဉ် အာမခံသက်တမ်း ကိုယ်ပိုင်ယာဉ် အငှားယာဉ်/ မော်တော်ဆိုင်ကယ်
ပထမနှစ် - -
ဒုတိယနှစ် ၂၅% ၁၅%
တတိယနှစ် ၃၀% ၂၀%
စတုတ္ထနှစ်နှင့် အထက် ၄၀% ၂၅%
အုပ်စုလိုက်လျော့နှုန်း (Fleet Discount) အာမခံထားရာတွင် လိုအပ်သော အထောက်အထား အချက်အလက်များ

ပိုင်ရှင်တစ်ဦးတည်းမှ တစ်ချိန်တည်းတွင် ယာဉ် (၁၀)စီး (သို့) (၁၀)စီးနှင့် အထက်အာမခံထားပါက အခြေခံပရီမီယံ ပေါ်တွင်  Fleet Discount အဖြစ် 10% လျော့ပေး မည်ဖြစ်ပါသည်။

Owner Book  မိတ္တူ (သက်တမ်းအတွင်းဖြစ်ရမည်။)Owner Book  မရှိသေးပါကကားနံပါတ်တံဆိပ်နှိပ်ထားသော သွင်းကုန်လိုင်စင်မိတ္တူ ၊Wheel Tax မိတ္တူ ၊      (သက်တမ်းအတွင်းဖြစ်ရမည်။) ၊ ကားအရောင်းအဝယ်စာချူပ်။

အကျုံးမဝင်အသော ပျက်စီးဆုံးရှုံးမှုများ –          

  • မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်သုံး၍ မောင်းနှင်ရာမှ ပျက်စီးဆုံးရှုံးမှုများ။
  • ခွင့်ပြုထားသော ယာဉ်မောင်းစာရင်းတွင် မပါ၀င်သူများ မောင်းနှင်ရာမှ ပျက်စီးဆုံးရှုံးမှုများ
  • တရားဝင်မောင်းနှင်ခွင့်လိုင်စင်မရှိသောသူများ မောင်းနှင်ရာမှ ပျက်စီးဆုံးရှုံးမှုများ
  • ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာပဲ မောင်းနှင်ရာမှ ပျက်စီးဆုံးရှုံးမှုများ
  • ယာဉ်မောင်းလေ့ကျင့်ခြင်း သို့မဟုတ် ကားပြိုင်ပွဲအမျိုးမျိုးတွင် ပါ၀င်ခြင်း၊ အပြိုင်မောင်းနှင်ခြင်းများ၊ အရှိန်တင်မောင်းနှင်ခြင်း၊ မောင်းနိုင်စွမ်းကို စမ်းသပ်ခြင်း သို့မဟုတ် မည်သည့် ပြိုင်ပွဲလမ်းကြောင်းတွင်မဆို အသုံးပြုခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ
  • မြန်မာပြည်နယ်နိမိတ်သတ်မှတ်ချက်ကျော်လွန်သော အရပ်ဒေသတွင် ဆုံးရှုံးမှု။
  • အသုံးပြုမှုများသဖြင့် အလိုလိုပျက်ယွင်းသွားသောကိစ္စများ။
  • အားစိုက်လုပ်ခြင်း (သို့) ကုန်စည်အဆမတန်တင်ဆာင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ။
  • တချိန်ထည်းတွင် မော်တော်ယာဉ်မပျက်စီးပဲ ကားတာယာပျက်စီးမှု။
  • တစ်စုံတစ်ယောက်၏ လိမ်လည်လှည့်ဖြားမှုကြောင့် ဆုံးရှုံးပျက်စီးမှု။
  • တစ်စုံတစ်ယောက်၏ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကြောင့် ဆုံးရှုံး ပျက်စီးမှု။
  • ထိခိုက်ဆုံးရှုံးမှုတစ်ခု၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှု၊ ဟောင်းနွမ်းယိုယွင်းမှု၊ စက် (သို့) လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ ပျက်စီးမှု၊ ကျိုးပဲ့မှုများ။
  • ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် နျူးကလီးယား စွမ်အင်သုံးစွဲပြီး မည်သည့်နည်းလမ်းဖြင့်မဆို ဆက်သွယ်ဆောင်ရွက်ခြင်းများကြောင့် ဖြစ်ပေါင်္လာသော ပျက်စီးဆုံးရှုံးမှုများ
  • ကြိုတင်ကာကွယ်ရန် ပျက်ကွက်ခြင်းများ
  • ယာဉ်တိုက်မှုဖြစ်ရာတွင် Knock for Knock Agreement ကိုသာ အသုံးပြုမည်ဖြစ်ပါသည်။

Karkwalpar

Describe to our newsletter.
No, thanks
Karkwalpar
X