ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
အသက် (၁၆) နှစ်မှ (၆၅) နှစ်အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူများ
အနည်းဆုံးကျပ် (၅) သိန်း မှ အများဆုံးကျပ်သိန်း(၂၀၀) အထိ (သို့မဟုတ်)
၃ လ၊ ၆ လ၊ ၁ နှစ်
တစ်နှစ်အတွက် အာမခံထားငွေ၏ ၀.၇% တပ်မတော်သား၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊လျှပ်စစ်ဝန်ထမ်း စသောအန္တရာယ်များသည့် အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ၁%*အာမခံသက်တမ်း ၃ လ၊ ၆ လ အတွက် ၁ နှစ် သက်တမ်းပရီမီယံ၏ အချိုးကျပရီမီယံ
အကျိုးခံစားခွင့်များ
- (က) မတော်တဆထိခိုက်မှုကြောင့်သေဆုံးခြင်း အာမခံထားငွေ* အတိုင်း ( ၅၀၀,၀၀၀ မှ ၂၀,၀၀၀,၀၀၀ ကျပ်) ရရှိမည့် ငွေပမာဏကို တစ်လုံးတည်း အကျိုးခံစားခွင့်ရှိသူမှရရှိပါမည်။
- (ခ) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း အာမခံထားငွေအတိုင်းရရှိမည့်ငွေပမာဏကို တစ်လုံးတည်းအကျိုးခံစားခွင့်ရှိသူမှ ရရှိပါမည်။
- (ဂ) ထိခိုက်ဒဏ်ရာရရှိခြင်း / ကိုယ်အင်္ဂါဆုံးရှုံးခြင်း ဆရာဝန်၏ထောက်ခံချက်အပေါ်အခြေခံ၍အကျိုးခံစားခွင့်နှုန်းထားကိုတွက်ချက်ပါသည်။
- (ဃ) ထိခိုက်ဒဏ်ရာရမှုကြောင့် ဆေးရုံတက်ရခြင်း / အလုပ်မလုပ်နိုင်ခြင်း ရက်သတ္တပတ်လျှင် အာမခံထားငွေ၏ ၃%ဖြင့်အများဆုံးအာမခံထားငွေ၏ ၁၅%အထိ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
အလုပ်သမားတစ်ဦးထိခိုက်ဒဏ်ရာရလျှင် အောက်ပါအတိုင်းလျော်ကြေးရရှိပါမည်။
စဉ် | ဒဏ်ရာ | ရပိုင်ခွင့်(အာမခံထားငွေပေါ်တွင်) |
---|---|---|
၁ | ထာဝစဉ်မသန်စွမ်း၍လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း | ၁၀၀% |
၂ | မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း | ၅၀% | ၃ | လက်တစ်ဖက်လုံးဝပြတ်ခြင်း | ၅၀% |
၄ | ခြေတစ်ဖက်လုံးဝပြတ်ခြင်း | ၅၀% |
၅ | နားတစ်ဖက်လုံးဝပင်းခြင်း | ၂၅% |
၆ | လက်တစ်ဖက်ကျိုးခြင်း | ၂၅% |
၇ | ခြေတစ်ဖက်ကျိုးခြင်း | ၂၅% |
*အထက်ဖော်ပြပါဒဏ်ရာများမှအပ အခြားထိခိုက်ဒဏ်ရာများအတွက် ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ရာခိုင်နှုန်းဖြင့် ပေးလျော်ပါမည်။*
ကျန်းမာရေး စစ်ဆေးခြင်း
- အာမခံထားသူ၏ အသက် ၊ အာမခံထာငွေပေါ် မူတည်၍ လိုအပ်ပါက ကျန်းမာရေးစစ်ဆေးရပါမည်။
လျော်ကြေးအကျုံးမဝင်သည့်အချက်များ
(၁) ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်းနှင့် သေဆုံးစေခြင်း။
(၂) မူးယစ်စေတတ်သောဆေးဝါးသုံးစွဲထားစဉ် (သို့) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
(၃) ရောဂါကြောင့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း။
(၄) စစ်ဖြစ်ပွားခြင်း (စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်း အရင်းများ (သို့) ၎င်းတို့၏ အကျိုးဆက်များ ကြောင့် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း၊
(၅) ရာဇဝတ်မှု ကျုးလွန်ရာမှဒဏ်ရာ အနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့်သေဆုံးခြင်း။
(၆) သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
လျော်ကြေးတောင်းခံမည့် အစီအစဉ်
လျော်ကြေးပေါ်ပေါက်လာလျှင် ကာကွယ်ပါ hotline no 09253388122 သို့ ချက်ချင်း အကြောင်းကြားပေးပါရန်။
ကာကွယ်ပါမှ ဝန်ထမ်းတစ်ဦးဦးမှ လျှော်ကြေးတောင်းခံရမည့် ကိစ္စရပ်များအတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
အာမခံကိစ္စနှင့်ပတ်သတ်၍ အဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာမှုရရှိစေရန်အတွက် လူကြီးမင်း တို့အား ဝန်ဆောင်မှု ပေးရန် အမြဲအဆင်သင့် ရှိနေပါသည်။
#ကာကွယ်ပါနဲ့ ကာကွယ်လိုက်ပါ
Contact
-
No 13, Room (B-1), Ground Floor Lakeken Street, Pazundaung Township Yangon, Myanmar, PO-11171
- 09777884834
- info@karkwalpar.com