ခရီးသွားအာမခံ
ပြင်တွင်း/ ပြည်ပ ခရီးသွားသောသူများ ခရီးစဉ်အတွင်း မမျှော်လင့်ထားသော အခြေအနေများမှ မတော်တဆဖြစ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း၊ အသက်ဆုံးရှုံးခြင်းများ ဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ ပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
ပြည်တွင်းပြည်ပ ခရီးစဉ်ကို လေယာဉ်၊ သင်္ဘော၊ ကိုယ်ပိုင်ယာဉ် (သို့) စီးလုံးငှားယာဉ် နှင့် အများပြည်သူသုံး ယာဉ်လိုင်းများ အသုံးပြု၍ ခရီးသွားလာသူများ
ပြည်တွင်းခရီးစဉ် - အနည်းဆုံး (၁) ရက်မှ အများ ဆုံး (၃) လ
ပြည်ပခရီးစဉ် - အနည်းဆုံး (၁) ရက်မှ အများဆုံး (၃) လ
မိုင် (၁၀၀)အောက် ခရီးစဉ် - ခရီးစဉ် အစ မှ အဆုံး ခရီးတစ်ခေါက်
ပြည်တွင်း၊ပြည်ပ ခရီးစဉ်များအတွက် - တယူနစ် (၅)သိန်း မှ အများဆုံး ယူနစ် (၂၀) ကျပ် သိန်း (၁၀၀)အထိ
မိုင် (၁၀၀)အောက် ခရီးစဉ် - အာမခံထားငွေ ပုံသေ ကျပ် သိန်း (၂၀)
ပရီမီယံနှုန်း
ခရီးစဉ် | သက်တမ်း | ပရီမီယံနှုန်း |
---|---|---|
ပြည်တွင်း | ၁ ရက် ခရီး | ၁ ယူနစ် - ၁၀၀ |
၃ ရက် ခရီး | ၁ ယူနစ် - ၁၅၀ | |
၁ ပတ် ခရီး | ၁ ယူနစ် - ၂၀၀ | |
၂ ပတ် ခရီး | ၁ ယူနစ် - ၂၅၀ | |
၁ လ ခရီး | ၁ ယူနစ် - ၃၀၀ | |
၁ လ နှင့် ၁၅ ရက် ခရီး | ၁ ယူနစ် - ၃၅၀ | |
၂ လ ခရီး | ၁ ယူနစ် - ၄၀၀ | |
၂ လ နှင့် ၁၅ ရက် ခရီး | ၁ ယူနစ် - ၄၅၀ | |
၃ လ ခရီး | ၁ ယူနစ် - ၅၀၀ | |
ပြည်ပ | ၁ ပတ် ခရီး | ၁ ယူနစ် - ၂၀၀ |
၂ ပတ် ခရီး | ၁ ယူနစ် - ၂၅၀ | |
၁ လ ခရီး | ၁ ယူနစ် - ၃၀၀ | |
၁ လ နှင့် ၁၅ ရက် ခရီး | ၁ ယူနစ် - ၃၅၀ | |
၂ လ ခရီး | ၁ ယူနစ် - ၄၀၀ | |
၂ လ နှင့် ၁၅ ရက် ခရီး | ၁ ယူနစ် - ၄၅၀ | |
၃ လ ခရီး | ၁ ယူနစ် - ၅၀၀ | |
ခရီးမိုင် ၁၀၀ အောက် | ခရီးစဉ် အစမှ အဆုံး အထိ | ပုံသေ ၁၀၀/- ကျပ် |
အကျိုးခံစားခွင့်များ
လျော်ကြေးအကျုံးမဝင်သည့်အချက်များ
- (၁) မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း
- (၂) ရှိရင်းစွဲ ကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယများကြောင့် ဖြစ်ပွားခြင်း
- (၃) တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း
-
(၄) ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသော မီးဖွားခြင်း ၊ ကိုယ်ဝန်ပျက်ကျခြင်း စသည်များ
-
(၅) ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဉပဒေချိုးဖောက်ခြင်း
-
(၆) မူးယစ်ဆေးဝါး သုံးစွဲခြင်း
-
(၇) စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ပြည်တွင်းစစ်၊ အကြမ်းဖက် ဖျက်ဆီးခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်း
-
(၈) (၅) (၆) (၇) ပါအကြောင်းအရာများနှင့် ယင်းတို့၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့် သေဆုံးခြင်း၊ ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း စသည်များ
လျော်ကြေးတောင်းခံမည့် အစီအစဉ်
ခရီးသွား အာမခံထားရှိသူတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း ဖြစ်ပွားခဲ့ပါက ကာကွယ်ပါ hotline no 09253388122 သို့ ချက်ချင်း အကြောင်းကြားပေးပါရန်။
ကာကွယ်ပါမှ ဝန်ထမ်းတစ်ဦးဦးမှ လျှော်ကြေးတောင်းခံရမည့် ကိစ္စရပ်များအတွက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
အာမခံကိစ္စနှင့်ပတ်သတ်၍ အဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာမှုရရှိစေရန်အတွက် လူကြီးမင်း တို့အား ဝန်ဆောင်မှု ပေးရန် အမြဲအဆင်သင့် ရှိနေပါသည်။
#ကာကွယ်ပါနဲ့ ကာကွယ်လိုက်ပါ
Contact
-
No 13, Room (B-1), Ground Floor Lakeken Street, Pazundaung Township Yangon, Myanmar, PO-11171
- 09777884834
- info@karkwalpar.com