မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံ
လူကြီးမင်းတို့ ပိုင်ဆိုင်သော အိုးအိမ်နှင့်ပစ္စည်းများ မတော်တ ဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များအတွက် လျော်ကြေးပေးလျော်သည့် အာမခံအမျိုးအစား ဖြစ်ပါသည်။
အာမခံထားနိုင်သည့် အကျိုးစီးပွား (Insurable Interest) ရှိသည့် မည်သူမဆို (ဥပမာ)
- ပိုင်ရှင်
- ပူးတွဲပိုင်ရှင်
- ဇနီးမောင်နှံ (၂) ဦးစလုံး
- ပစ္စည်းအပေါင်ခံထားသူ၊ ပစ္စည်းအပ်နှံထားခြင်းကို လက်ခံသူများ
- ပစ္စည်း၏လုံခြုံမှုအတွက် တရားဝင် တာဝန်ရှိသူ (ငှားရမ်းနေထိုင်သုံးစွဲသူ)
- မရွှေ့ပြောင်းနိုင်သော ပစ္စည်း (လူနေအိမ်အဆောက်အအုံ)
- ရွှေ့ပြောင်းနိုင်သော ပစ္စည်း (ပရိဘောဂ၊ ကုန်ပစ္စည်း ၊ လုပ်ငန်းသုံးပစ္စည်း၊ စက်ကိရိယာ)
အာမခံထားနိုင်သည့် အဆောက်အဦး အမျိုးအစားများ | အာမခံထားနိုင်သည့် ပစ္စည်း အမျိုးအစားများ |
လူနေအိမ်နှင့် အလားတူ အဆောက်အအုံများ | စားသောက်ကုန်ပစ္စည်းများ |
သိုလှောင်ရုံများ | ဓာတုဗေဒပစ္စည်းများ |
အရောင်းဆိုင်များ | တိရိစ္ဆာန် မွေးမြူရေး အစာနှင့် ဆေးဝါးများ |
စက်ရုံ/ အလုပ်ရုံများ | အိမ်သုံးအလှဆင်ပစ္စည်းများ |
| လူသုံးကုန် ပစ္စည်းများ သတိပြုရန် (ပလတ်စတစ်ပုံး၊ ဖိုက်ဘာပုံး၊ သံပုံး၊ သတ္တုပုံးများဖြင့် ထုတ်ပိုးထားရှိသည့် ပစ္စည်းများမှအပ) |
- ခေတ္တအပ်နှံထားသော ကုန်ပစ္စည်းများ
- ရွှေသတ္ထု၊ ငွေသတ္ထုနှင့် ကျောက်မျက်ရတနာများ
- ကျပ် ၃၀၀ ထက် တန်ဖိုးရှိသော အနုပညာ လက်ရာပစ္စည်းများ
- ရှေးဟောင်းစာပေ၊ စာမူ၊ ပန်းချီ၊ ပုံကြမ်းများ၊ သွန်းပုံများ
- ငွေစုလက်မှတ်၊ ငွေချေးသက်သေခံလက်မှတ်၊ စာချုပ်စာတမ်းများ
- တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ ငွေစာရင်းစာအုပ်များ၊ လုပ်ငန်းစာအုပ်များ
- ကျောက်မီးသွေး
- ပေါက်ကွဲစေတတ်သော ပစ္စည်းများ
- အဆောက်အဦး တည်ဆောက် တပ်ဆင် ကုန်ကျစရိတ်ငွေ (ဆ/ဦး ၏ ကာလပေါက်ဈေး/ Pledge Area Estimation PAE)
- ကုန်ပစ္စည်း ဝယ်ရင်း/ ရောင်းချ/ လက်ရှိပေါက်ဈေးအတိုင်း
- ပရိဘောဂ ဝယ်ရင်းတန်ဖိုး
- စက်ပစ္စည်း ဝယ်ယူတပ်ဆင်စရိတ်တန်ဖိုး
မှတ်ချက်။ ။ အထက်ပါ သတ်မှတ်တန်ဖိုးများထက် မပိုရပါ။ (အာမခံထားသူ သဘောဆန္ဒအရ သတ်မှတ်တန်ဖိုးထက် လျှော့နည်း ထားရှိနိုင်ပါသည်။)
အာမခံထားနိုင်သည့် အကျိုးစီးပွား (Insurable Interest) ရှိသည့် မည်သူမဆို (ဥပမာ)
- ပိုင်ရှင်
- ပူးတွဲပိုင်ရှင်
- ဇနီးမောင်နှံ (၂) ဦးစလုံး
- ပစ္စည်းအပေါင်ခံထားသူ၊ ပစ္စည်းအပ်နှံထားခြင်းကို လက်ခံသူများ
- ပစ္စည်း၏လုံခြုံမှုအတွက် တရားဝင် တာဝန်ရှိသူ (ငှားရမ်းနေထိုင်သုံးစွဲသူ)
- မရွှေ့ပြောင်းနိုင်သော ပစ္စည်း (လူနေအိမ်အဆောက်အအုံ)
- ရွှေ့ပြောင်းနိုင်သော ပစ္စည်း(ပရိဘောဂ၊ ကုန်ပစ္စည်း ၊ လုပ်ငန်းသုံးပစ္စည်း၊ စက်ကိရိယာ)
- ခေတ္တအပ်နှံထားသော ကုန်ပစ္စည်းများ
- ရွှေသတ္ထု၊ ငွေသတ္ထုနှင့် ကျောက်မျက်ရတနာများ
- ကျပ် ၃၀၀ ထက် တန်ဖိုးရှိသော အနုပညာ လက်ရာပစ္စည်းများ
- ရှေးဟောင်းစာပေ၊ စာမူ၊ ပန်းချီ၊ ပုံကြမ်းများ၊ သွန်းပုံများ
- ငွေစုလက်မှတ်၊ ငွေချေးသက်သေခံလက်မှတ်၊ စာချုပ်စာတမ်းများ
- တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ ငွေစာရင်းစာအုပ်များ၊ လုပ်ငန်းစာအုပ်များ
- ကျောက်မီးသွေး
- ပေါက်ကွဲစေတတ်သော ပစ္စည်းများ
- အဆောက်အဦး အတန်းအစား အသုံးချပုံ (အတန်းအစား(၄)မျိုးခွဲခြားသတ်မှတ်ပါသည်။)
- ပတ်ဝန်းကျင် အဆောက်အဦး အတန်းအစား အသုံးချပုံ (အတန်းအစား(၄)မျိုးခွဲခြားသတ်မှတ်ပါသည်။)
- ကုန်ပစ္စည်းအမျိုးအစား၊ မီးလောင်လွယ်/ မလွယ်
- အပိုအန္တာရယ်ကြေး သတ်မှတ်နှုန်း
- မည်သည့်ဒေသတွင်မဆို မူရင်းအာမခံထားရှိသည့် အဆောက်အအုံ၏ မီးနှုန်းထက် ၎င်းပတ်ဝန်းကျင်ရှိ မီးနှုန်းပိုမိုပါက မီးနှုန်းနှစ်ခု၏ ပျမ်းမျှနှုန်းကို ကြည့်မည်။
- အဆောက်အအုံသည် ပထမတန်းစားဖြစ်လျှင် (၂၅) ပေ၊ ဒုတိယနှင့် တတိယတန်းစားတို့၏ (၅၀) ပေအကွာတွင် အဆောက်အဦး ရှိ/ မရှိ ကြည့်၍ စိစစ်တွက်ချက်မည်
သက်တမ်းတိုးနှုန်း (Short period rate)
၁၀ရက် | တစ်နှစ်စာပရီမီယံ၏ ၁/၈ |
၁၅ရက်အောက် | တစ်နှစ်စာပရီမီယံ၏ ၁/၆ |
၁လ | တစ်နှစ်စာပရီမီယံ၏ ၂/၈ |
၂လ | တစ်နှစ်စာပရီမီယံ၏ ၃/၈ |
၃လ | တစ်နှစ်စာပရီမီယံ၏ ၄/၈ |
၄လ | တစ်နှစ်စာပရီမီယံ၏ ၅/၈ |
၅လ | တစ်နှစ်စာပရီမီယံ၏ ၆/၈ |
၆လ | တစ်နှစ်စာပရီမီယံ၏ ၆/၈ |
၆လကျော်လျှင် တစ်နှစ်စာပရီမီယံအပြည့်ယူရပါမည်။ |
မီးအာမခံထားခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများ -
အဆောက်အအုံများအတွက်
ပစ္စည်းများအတွက်
အပိုအန္တရာယ်အကာအကွယ်များ –
မီးအာမခံနှင့်အတူအောက်ဖော်ပြပါ အကာအကွယ်များကိုလည်း ထပ်မံဝယ်ယူနိုင်ပါသည်။
စဉ် | အပိုအကာအကွယ်များ | ပရီမီယံနှုန်း |
---|---|---|
၁ | အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု | 0.06% |
၂ | ပေါက်ကွဲပျက်စီးမှု | 0.10% |
၃ | ဖောက်ထွင်းခိုးယူမှု | 0.25% ~ 1.5% |
ပထမတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း | 0.25% | |
ဒုတိယတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း | 0.50% | |
တတိယတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း | 0.75% | |
စတုတ္ထတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း | 1% ~ 1.50% | |
(အဆောက်အဦိးအတန်းအစားအလိုက် ခွဲခြားထားပြီး ကျသင့် ပရီမီယံ အပေါ်မှ (၁၀%) လျှော့ပေးပါသည်။) | ||
၄ | ရေကြီးခြင်း၊ ရေလျှံခြင်း | 0.10% |
၅ | လေပြင်းမုန်တိုင်းအမျိုးမျိုး | 0.20% ~ 0.25% |
၆ | မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း | 0.10% |
၇ | စစ်ဘေးအန္တရာယ် | 0.10% |
၈ | မြေကျွံခြင်း၊ မြေပြိုခြင်း | 0.10% |
၉ | အလိုအလျောက်မီးစွဲလောင်မှု | 0.80% |
၁၀ | ကုန်းလမ်းသွားယာဉ်များဖြင့် ထိခိုက်ပျက်စီးခြင်းမှု | 0.10% |
၁၁ | လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်းမှု | 0.10% |
လျော်ကြေးမဲ့ဆု(NoClaim Bonus)
ပထမနှစ်အတွင်း လျှော်ကြေး တစုံတရာ မပေါ်ပေါက်ခဲ့ပါက ဒုတိယနှစ် သက်တမ်းဆက်ထားရှိပါက ပထမနှစ်နှင့် ဒုတိယနှစ် ပရီမီယံ (၂) ခုအနက် နည်းရာ ပရီမီယံ ပေါ်မှ လျှော်ကြေးမဲ့ဆုအဖြစ် (၂၅%) လျှော့ငွေ ရရှိမည် ဖြစ်ပါသည်။
လျော်ကြေးပေးချေမှု – မီးအာမခံလျော်ကြေးကို လုံးဝပျက်စီးဆုံးရှုံးမှု (Total Loss) အတွက် အာမခံထားငွေကို အပြည့်အဝပေးလျှော်မည်ဖြစ်ပြီး တစ်စိတ်တစ်ဒေသသာ ပျက်စီးပါက ပျက်စီးသည့်အစိတ်အပိုင်း ရာခိုင်နှုန်းအပေါ်တွင် ပေးလျော်ပါမည်။
လျော်ကြေး အကျုံးမဝင်သောအချက်များ – အာမခံထားသော ပိုင်ဆိုင်ပစ္စည်းများသည် မီးလောင်ကျွမ်းမှု၏ အကျိုးဆက်ဖြစ်သော အောက်ဖော်ပြပါ တို့ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများအတွက် လျှော်ကြေး တောင်ခံခွင့် မရှိပါ။
Contact
-
No 13, Room (B-1), Ground Floor Lakeken Street, Pazundaung Township Yangon, Myanmar, PO-11171
-
09777884834
-
info@karkwalpar.com