About Us
ကျွန်တော်များ ကာကွယ်ပါ ကော်ပိုရိတ် အာမခံ လုပ်ငန်းစုသည် ကုမ္ပဏီပေါင်း ၃၀၀ ကျော်အား ကုမ္ပဏီဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေး အကြံပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Myanmar Enterprise Solutions မှ One-Stop Financial Solutions ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရည်ရွယ်၍ ကုမ္ပဏီများ၏ အာမခံလိုအပ်ချက်များကို အတိကျဆုံးနှင့် အမြန်ဆန်ဆုံး ဝန်ဆောင်မှု ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် အသစ်ထပ်မံဖွဲ့စည်းခဲ့သော ညီနောင် ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။
ကာကွယ်ပါသည် ကုမ္ပဏီ တည်ထောင်ပြီး ရက်ပေါင်း (၁၆) ရက်အကြာ ၂၀၂၂ ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးနှင့် အရှည်ကြာဆုံးရပ်တည်လျက်ရှိသည့် မြန်မာ့အာမခံ လုပ်ငန်းနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု သဘော တူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဂုဏ်သိက္ခာ အရှိဆုံးဆိုတဲ့ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ GGI နှင့် နိုင်ငံတကာ အတွေ့အကြုံရှိ Tokio Marine တို့ ဖက်စပ်ဆာင်ရွက်နေတဲ့ GGI Tokio Marine နဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံသို့ Corporate Agent License ရရှိရန် လျှောက်ထားခဲ့ပါသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကုမ္ပဏီ၏ လုပ်ငန်းအစီအမံများနှင့် မြေပြင်အခြေအနေများကို ၂၀၂၃ ခုနှစ် ဇွန်လ ( ၂၆ ) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများမှ မိမိတို့၏ လုပ်ငန်းအစီအမံများကို စစ်ဆေးကျေနပ်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် တရားဝင် လုပ်ငန်းစတင်ဆောင်ရွက်နိုင်မည့် ကော်ပိုရိတ် အထွေထွေ အာမခံ ကိုယ်စားလှယ်လိုင်စင် အမှတ် (CAG - 016) ဖြင့် လိုင်စင် ထုတ်ပေးခဲ့ပါသည်။
၂၀၂၄ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ပိုမိုကျယ်ပြန့်သော အာမခံအမျိုးအစားများကို ဝန်ဆောင်မှုပေးဖို့
AYA Sompo Insurance နှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသည်
Our Mission
နိုင်ငံသားတိုင်းအတွက် ၎င်းတို့၏ ငွေရေးကြေးရေး လုံခြုံစိတ်ချရမှု နှင့် စိတ်အေးချမ်းသက်သာမှု ရရှိစေနိုင်ရန်
Vision
ကျွန်တော်များ “ကာကွယ်ပါကုမ္ပဏီလီမိတက်”သည် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏လမ်းညွန်မှုများနှင့်အညီ ကော်ပိုရိတ်အာမခံကိုယ်စား လှယ်လုပ်ငန်းတစ်ခု၌ရှိသင့်သည့်အရည်အချင်းများနှင့်မှန်ကန်ကောင်းမွန်သောဝန်ဆောင်မှုများကိုအပြည့်အ၀ ပေးစွမ်းနိုင်ရန်အတွက်အောက်ပါရည်မှန်းချက်များကို ထားရှိဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(က) မိမိတို့နိုင်ငံသားတိုင်း၏ ငွေကြေးကြွယ်၀ချမ်းသာမှုနှင့် ၄င်းတို့၏အနာဂတ်ကို လုံခြုံစေရန်။
(ခ) ကာကွယ်ပါအနေဖြင့် အာမခံလုပ်ငန်းအပြင် စီးပွားရေးနှင့်ဘဏ္ဍာရေးအတိုင်ပင်ခံအရာရှိများမှ အာမခံထားရှိလိုသူ နိုင်ငံသားတိုင်းအတွက် ၄င်းတို့၏ လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိစေမည့် အရည်အသွေးမြင့် အာမခံအမျိုးအစားများရောင်းချ ပေးနိုင်ရန်။
(ဂ)ကာကွယ်ပါအနေဖြင့် အာမခံလုပ်ငန်းကဏ္ဍပိုမိုတိုးတက်အောင်မြင်စေရန်နှင့် နိုင်ငံသားများအကြားအာမခံထားရှိခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ပညာပေးအစီအစဉ်များဆောင်ရွက်ရန်။
Target Market
-
1ကော်ပိုရိတ် လုပ်ငန်းကြီးများ (Multinational Companies & National Companies)
-
2အသေးစား၊ အလတ်စားလုပ်ငန်းများ၊ ကုမ္ပဏီများ
-
3အများပြည်သူသုံးမော်တော်ယာဉ်လိုင်းများ
-
4မော်တော်ယာဉ်အရောင်းပြခန်းများနှင့် ဝယ်ရောင်းလုပ်ငန်းများ
-
5စက်ရုံ အလုပ်ရုံနှင့် ဂိုဒေါင်များ