Fire Insurance

မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံ

လူကြီးမင်းတို့ ပိုင်ဆိုင်သော အိုးအိမ်နှင့်ပစ္စည်းများ မတော်တ ဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များအတွက် လျော်ကြေးပေးလျော်သည့် အာမခံအမျိုးအစား ဖြစ်ပါသည်။

အာမခံထားခွင့် ရှိသူ အာမခံထားနိုင်သည့် ပစ္စည်းများ အာမခံလက်ခံနိုင်ခွင့် မရှိသော ပစ္စည်းများ မီးအာမခံထားငွေ (Sum Insured)

အာမခံထားနိုင်သည့် အကျိုးစီးပွား (Insurable Interest) ရှိသည့် မည်သူမဆို (ဥပမာ)

  • ပိုင်ရှင်
  • ပူးတွဲပိုင်ရှင်
  • ဇနီးမောင်နှံ (၂) ဦးစလုံး
  • ပစ္စည်းအပေါင်ခံထားသူ၊ ပစ္စည်းအပ်နှံထားခြင်းကို လက်ခံသူများ
  • ပစ္စည်း၏လုံခြုံမှုအတွက် တရားဝင် တာဝန်ရှိသူ (ငှားရမ်းနေထိုင်သုံးစွဲသူ)
  • မရွှေ့ပြောင်းနိုင်သော ပစ္စည်း (လူနေအိမ်အဆောက်အအုံ)
  • ရွှေ့ပြောင်းနိုင်သော ပစ္စည်း (ပရိဘောဂ၊ ကုန်ပစ္စည်း ၊ လုပ်ငန်းသုံးပစ္စည်း၊ စက်ကိရိယာ)

အာမခံထားနိုင်သည့် အဆောက်အဦး အမျိုးအစားများ

အာမခံထားနိုင်သည့် ပစ္စည်း

အမျိုးအစားများ

လူနေအိမ်နှင့် အလားတူ အဆောက်အအုံများ

စားသောက်ကုန်ပစ္စည်းများ

သိုလှောင်ရုံများ

ဓာတုဗေဒပစ္စည်းများ

အရောင်းဆိုင်များ

တိရိစ္ဆာန် မွေးမြူရေး အစာနှင့် ဆေးဝါးများ

စက်ရုံ/ အလုပ်ရုံများ

အိမ်သုံးအလှဆင်ပစ္စည်းများ

 

လူသုံးကုန် ပစ္စည်းများ

သတိပြုရန်

(ပလတ်စတစ်ပုံး၊ ဖိုက်ဘာပုံး၊ သံပုံး၊ သတ္တုပုံးများဖြင့် ထုတ်ပိုးထားရှိသည့် ပစ္စည်းများမှအပ)

  • ခေတ္တအပ်နှံထားသော ကုန်ပစ္စည်းများ
  • ရွှေသတ္ထု၊ ငွေသတ္ထုနှင့် ကျောက်မျက်ရတနာများ
  • ကျပ် ၃၀၀ ထက် တန်ဖိုးရှိသော အနုပညာ လက်ရာပစ္စည်းများ
  • ရှေးဟောင်းစာပေ၊ စာမူ၊ ပန်းချီ၊ ပုံကြမ်းများ၊ သွန်းပုံများ
  • ငွေစုလက်မှတ်၊ ငွေချေးသက်သေခံလက်မှတ်၊ စာချုပ်စာတမ်းများ
  • တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ ငွေစာရင်းစာအုပ်များ၊ လုပ်ငန်းစာအုပ်များ
  • ကျောက်မီးသွေး
  • ပေါက်ကွဲစေတတ်သော ပစ္စည်းများ
  • အဆောက်အဦး တည်ဆောက် တပ်ဆင် ကုန်ကျစရိတ်ငွေ (ဆ/ဦး ၏ ကာလပေါက်ဈေး/ Pledge Area Estimation PAE)
  • ကုန်ပစ္စည်း ဝယ်ရင်း/ ရောင်းချ/ လက်ရှိပေါက်ဈေးအတိုင်း
  • ပရိဘောဂ ဝယ်ရင်းတန်ဖိုး
  • စက်ပစ္စည်း ဝယ်ယူတပ်ဆင်စရိတ်တန်ဖိုး

မှတ်ချက်။    ။ အထက်ပါ သတ်မှတ်တန်ဖိုးများထက် မပိုရပါ။ (အာမခံထားသူ သဘောဆန္ဒအရ သတ်မှတ်တန်ဖိုးထက် လျှော့နည်း ထားရှိနိုင်ပါသည်။)

အာမခံထားနိုင်သည့် အကျိုးစီးပွား (Insurable Interest) ရှိသည့် မည်သူမဆို (ဥပမာ)

  • ပိုင်ရှင်
  • ပူးတွဲပိုင်ရှင်
  • ဇနီးမောင်နှံ (၂) ဦးစလုံး
  • ပစ္စည်းအပေါင်ခံထားသူ၊ ပစ္စည်းအပ်နှံထားခြင်းကို လက်ခံသူများ
  • ပစ္စည်း၏လုံခြုံမှုအတွက် တရားဝင် တာဝန်ရှိသူ (ငှားရမ်းနေထိုင်သုံးစွဲသူ)

  • မရွှေ့ပြောင်းနိုင်သော ပစ္စည်း (လူနေအိမ်အဆောက်အအုံ)

  • ရွှေ့ပြောင်းနိုင်သော ပစ္စည်း(ပရိဘောဂ၊ ကုန်ပစ္စည်း ၊ လုပ်ငန်းသုံးပစ္စည်း၊ စက်ကိရိယာ)

  • ခေတ္တအပ်နှံထားသော ကုန်ပစ္စည်းများ
  • ရွှေသတ္ထု၊ ငွေသတ္ထုနှင့် ကျောက်မျက်ရတနာများ
  • ကျပ် ၃၀၀ ထက် တန်ဖိုးရှိသော အနုပညာ လက်ရာပစ္စည်းများ
  • ရှေးဟောင်းစာပေ၊ စာမူ၊ ပန်းချီ၊ ပုံကြမ်းများ၊ သွန်းပုံများ
  • ငွေစုလက်မှတ်၊ ငွေချေးသက်သေခံလက်မှတ်၊ စာချုပ်စာတမ်းများ
  • တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ ငွေစာရင်းစာအုပ်များ၊ လုပ်ငန်းစာအုပ်များ
  • ကျောက်မီးသွေး
  • ပေါက်ကွဲစေတတ်သော ပစ္စည်းများ
ပရီမီယံနှုန်း     –   အဆောက်အအုံအမျိုးအစား၊ အသုံးပြုပုံနှင့် ပတ်ဝန်းကျင် အခြေအနေပေါ်တွင်မူတည်၍ သတ်မှတ်ပါသည်။                                                         ခန့်မှန်းပရီမီယံနှုန်းမှာ အနိမ့်ဆုံး (၀.၁၃%) မှ (၃.၅၀%) အထိဖြစ်ပါသည်။
  • အဆောက်အဦး အတန်းအစား အသုံးချပုံ (အတန်းအစား(၄)မျိုးခွဲခြားသတ်မှတ်ပါသည်။)
  • ပတ်ဝန်းကျင် အဆောက်အဦး အတန်းအစား အသုံးချပုံ (အတန်းအစား(၄)မျိုးခွဲခြားသတ်မှတ်ပါသည်။)
  • ကုန်ပစ္စည်းအမျိုးအစား၊ မီးလောင်လွယ်/ မလွယ်
  • အပိုအန္တာရယ်ကြေး သတ်မှတ်နှုန်း
  • မည်သည့်ဒေသတွင်မဆို မူရင်းအာမခံထားရှိသည့် အဆောက်အအုံ၏ မီးနှုန်းထက် ၎င်းပတ်ဝန်းကျင်ရှိ မီးနှုန်းပိုမိုပါက မီးနှုန်းနှစ်ခု၏ ပျမ်းမျှနှုန်းကို ကြည့်မည်။
  • အဆောက်အအုံသည် ပထမတန်းစားဖြစ်လျှင် (၂၅) ပေ၊ ဒုတိယနှင့် တတိယတန်းစားတို့၏ (၅၀) ပေအကွာတွင် အဆောက်အဦး ရှိ/ မရှိ ကြည့်၍ စိစစ်တွက်ချက်မည်
အာမခံသက်တမ်း (၁၀)ရက် မှ (၁)နှစ် (၁၀ ရက် မှ ၁ နှစ်အတွင်း သက်တမ်းများကို အချိုးကျ သက်တမ်းတိုးနှုန်းဖြင့် ပရီမီယံ သတ်မှတ်ပါသည်။)
သက်တမ်းတိုးနှုန်း (Short period rate)
၁၀ရက် တစ်နှစ်စာပရီမီယံ၏ ၁/၈
၁၅ရက်အောက် တစ်နှစ်စာပရီမီယံ၏ ၁/၆
၁လ တစ်နှစ်စာပရီမီယံ၏ ၂/၈
၂လ တစ်နှစ်စာပရီမီယံ၏ ၃/၈
၃လ တစ်နှစ်စာပရီမီယံ၏ ၄/၈
၄လ တစ်နှစ်စာပရီမီယံ၏ ၅/၈
၅လ တစ်နှစ်စာပရီမီယံ၏ ၆/၈
၆လ တစ်နှစ်စာပရီမီယံ၏ ၆/၈
၆လကျော်လျှင် တစ်နှစ်စာပရီမီယံအပြည့်ယူရပါမည်။

မီးအာမခံထားခြင်းဖြင့် ရနိုင်သောအကျိုးကျေးဇူးများ -

အဆောက်အအုံများအတွက်

မတော်တဆလောင်ကျွမ်းသောမီး
အခြားမှကူးစက်လောင်ကျွမ်းသောမီး
မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီးနှင့်
အိမ်သုံးဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့်လောင်ကျွမ်းသောမီးများကြောင့်ပျက်စီးခြင်း (သို့ရာတွင် ဓာတ်ငွေ့ထုတ်လုပ်ခြင်းနှင့် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများတွင် ဓာတ်ငွေ့အသုံးပြု၍ ပေါက်ကွဲမှုမျိုး အတွက် လျှော်ကြေးမရနိုင်ပါ။)

ပစ္စည်းများအတွက်

မီးသတ်ရာတွင်အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးခြင်း
မီးလောင်နေသည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ်ပျက်စီးခြင်း
မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း
မီးလောင်မှုကြောင့် အမိုးကြမ်းခင်း/နံရံများ ပြိုကျရာမှ ပျက်စီးခြင်း
မီးလောင်နေစဉ် အဆောက်အအုံအတွင်းမှပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေကြောင့် ဖြစ်စေ၊ ရာသီဥတု ကြောင့်ဖြစ်စေ ပျက်စီး ဆုံးရှုံးခြင်း များအတွက် လျော်ကြေး ပြန်လည်ရရှိနိုင်ပါသည်။

အပိုအန္တရာယ်အကာအကွယ်များ –  

မီးအာမခံနှင့်အတူအောက်ဖော်ပြပါ အကာအကွယ်များကိုလည်း ထပ်မံဝယ်ယူနိုင်ပါသည်။

စဉ် အပိုအကာအကွယ်များ ပရီမီယံနှုန်း
အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု 0.06%
ပေါက်ကွဲပျက်စီးမှု 0.10%
ဖောက်ထွင်းခိုးယူမှု 0.25% ~ 1.5%
ပထမတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း 0.25%
ဒုတိယတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း 0.50%
တတိယတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း 0.75%
စတုတ္ထတန်းစား အဆောက်အအုံအတွင်းရှိပစ္စည်း 1% ~ 1.50%
(အဆောက်အဦိးအတန်းအစားအလိုက် ခွဲခြားထားပြီး ကျသင့် ပရီမီယံ အပေါ်မှ (၁၀%) လျှော့ပေးပါသည်။)
ရေကြီးခြင်း၊ ရေလျှံခြင်း 0.10%
လေပြင်းမုန်တိုင်းအမျိုးမျိုး 0.20% ~ 0.25%
မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း 0.10%
စစ်ဘေးအန္တရာယ် 0.10%
မြေကျွံခြင်း၊ မြေပြိုခြင်း 0.10%
အလိုအလျောက်မီးစွဲလောင်မှု 0.80%
၁၀ ကုန်းလမ်းသွားယာဉ်များဖြင့် ထိခိုက်ပျက်စီးခြင်းမှု 0.10%
၁၁ လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်းမှု 0.10%

လျော်ကြေးမဲ့ဆု(NoClaim Bonus)

ပထမနှစ်အတွင်း လျှော်ကြေး တစုံတရာ မပေါ်ပေါက်ခဲ့ပါက ဒုတိယနှစ် သက်တမ်းဆက်ထားရှိပါက ပထမနှစ်နှင့် ဒုတိယနှစ် ပရီမီယံ (၂) ခုအနက် နည်းရာ ပရီမီယံ ပေါ်မှ လျှော်ကြေးမဲ့ဆုအဖြစ် (၂၅%) လျှော့ငွေ ရရှိမည် ဖြစ်ပါသည်။

လျော်ကြေးပေးချေမှု                    –        မီးအာမခံလျော်ကြေးကို လုံးဝပျက်စီးဆုံးရှုံးမှု (Total Loss) အတွက် အာမခံထားငွေကို အပြည့်အဝပေးလျှော်မည်ဖြစ်ပြီး တစ်စိတ်တစ်ဒေသသာ ပျက်စီးပါက ပျက်စီးသည့်အစိတ်အပိုင်း ရာခိုင်နှုန်းအပေါ်တွင် ပေးလျော်ပါမည်။

လျော်ကြေး အကျုံးမဝင်သောအချက်များ    –     အာမခံထားသော ပိုင်ဆိုင်ပစ္စည်းများသည် မီးလောင်ကျွမ်းမှု၏ အကျိုးဆက်ဖြစ်သော အောက်ဖော်ပြပါ တို့ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများအတွက် လျှော်ကြေး တောင်ခံခွင့် မရှိပါ။

မီးလောင်စဉ်နှင့် မီးလောင်မှုဖြစ်ပွားပြီးနောက် ခိုးယူခံရခြင်းကြောင့် ဆုံးရှုံးမှု
ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် မသန့်ရှင်းမှု
ရေဒီယိုသတ္တိကြွလှိုင်းများဖြစ်စေပြီး အဏုမြူ မြူမှုန်အဖြစ်အသွင်ကူးပြောင်းခြင်း (သို့) ရေဒီယိုသတ္တိကြွမှု ကြောင့် ညစ်ညမ်းစေခြင်း
အချဉ်ဖောက်ဓါတ်ပြုခြင်း၊ သဘာဝအပူလောင်ကျွမ်းခြင်း၊ အလိုအလျောက် မီးလောင်ကျွမ်းခြင်း၊ အပူပေးခြင်း၊ အခြောက်ခံခြင်းတို့ကြောင့် ဆုံးရှုံးပျက်စီးမှု
အာဏာပိုင်အဖွဲ့အစည်းအသီးသီး၏ အမိန့်ဖြင့် ပိုင်ဆိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးခြင်းနှင့် မြေအောက်မီးလောင်ကျွမ်းခြင်း
သစ်တောများ၊ ခြုံနွယ်များ၊ မြက်ခင်းပြင်များ၊ မြက်ရှည်မြက်ခင်းများ၊ တောအုပ်များ၊ မီးလောင်ကျွမ်းမှုများနှင့် မြေယာများ မီးရှို့ရှင်းလင်းမှုများ
ပေါ်လစီတွင် ဖော်ပြထားသော အခြားအကျုံးမဝင်သော ကိစ္စရပ်များ

Karkwalpar

Describe to our newsletter.
No, thanks
Karkwalpar
X