FAQ

You can learn more from our frequently asked questions

မော်တော်ယာဥ်အာမခံထားရှိလိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ယာဥ်မှတ်ပုံတင်သက်​သေခံ လက်မှတ်(wheel tax)/ က.ည.န ကနဦးမှတ်ပုံတင်စာရွက်
  • ယာဉ်မောင်းလိုင်စင်
  • ယာဉ်မှတ်ပုံတင်စာအုပ်
  • အရောင်းအဝယ်စာချူပ်/ ပြေစာ
  • ကားဓာတ်ပုံ

လျော်ကြေးနုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှ လျော်ကြေး ပေးရချိန်တိုင်း အာမခံထား သူမှပေး ဆောင် ရမည့် ပမာဏကို ဆိုလို ခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် လျော်ကြေးပေးဆောင်မည့် ပမာဏ သည် နှစ်သိန်း ကျပ်ဆိုလျှင် ပေါ်လစီတွင် ဖော်ပြထားသော လျော်ကြေးနုတ်ဖြတ်ငွေ တစ်သိန်းကျပ်ကို အာမခံထားသူမှ ပေးဆောင် ရမည်ဖြစ်ပြီး အာမခံကုမ္ပဏီမှကျန်ငွေ တစ်သိန်းကျပ်ကို ပေးလျော်မည်ဖြစ်ပါသည်။ 

မော်တော်ယာဉ်သည်ထိခိုက်ပျက်စီးမှုဖြစ်သဖြင့် အစားထိုးပစ္စည်းများဖြင့် ပြုပြင်ရာတွင် ပစ္စည်းသစ်များ သုံးစွဲရပါက စက်ပစ္စည်းအသစ် ထည့်ဝင်ခြင်းကြောင့် ကျသင့်သည့် အချိုးကျ စရိတ်ကို အာမခံထားသူဘက်မှ ပူးပေါင်းကျခံရန်လိုအပ်ပါသည်။ Betterment အပိုအကာအကွယ် ဝယ်ယူထားခြင်းဖြင့် ပိုမိုကောင်းလာသော တန်ဖိုးအတွက် ကျသင့်သည့်စရိတ်ကို အာမခံကုမ္ပဏီမှသာ ကျခံပေးမည်ဖြစ်ပါသည်။

အဆောက်အဦး မီးအာမခံထားရန်လိုအပ်သည့်စာရွက်စာတမ်းများမှာ

  • ပြည့်စုံစွာဖြည့်စွက်ထားသော အဆိုပြုလွှာ
  • နားလည်သဘောတူ၍ လက်မှတ်ထိုးထားသော မီးအာမခံအကြောင်း သိကောင်းစရာစာရွက်
  • ပရိဘောဂနှင့် စက်ပစ္စည်းအသေးစိတ်စာရင်း
  • အဝယ် (သို့) အရောင်းစာချုပ်မိတ္တူ
  • ပိုင်ဆိုင်မှုစာချုပ် သို့မဟုတ် အငှားစာချုပ်မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်ပါက)
  • ကုမ္ပဏီဖြစ်ပါကကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ

ကုန်ပစ္စည်းမီးအာမခံထားရန်လိုအပ်သည့်စာရွက်စာတမ်းများမှာ

  • ပြည့်စုံစွာဖြည့်စွက်ထားသော အဆိုပြုလွှာ
  • နားလည်သဘောတူ၍ လက်မှတ်ထိုးထားသော မီးအာမခံအကြောင်း သိကောင်းစရာစာရွက်
  • ကုန်ပစ္စည်းအသေးစိတ်စာရင်း  
  • အဝင်အထွက်စာရင်းစာအုပ်
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်ပါက) 

အာမခံထားမည့် အဆောက်အဦး၏အတန်းအစား၊ အသုံးပြုပုံနှင့် ဘေးပတ်ဝန်းကျင်အပေါ် မူတည်၍ ပရီမီယံနှုန်း ၀.၁၃% မှ ၃.၅၀% အတွင်း ကျသင့်နိုင်ပါသည်။ အာမခံထားမည့် အဆောက်အဦးကို မျက်မြင်စစ်ဆေးပြီး အာမခံကြေးနှုန်းထားကို အတိအကျ တွက်ချက်ပေးပါသည်။

မီးအာမခံသည် မတော်တဆမီး၊ ကူးစက်မီး၊ မိုးကြိုးပစ်၍မီးလောင်ခြင်းနှင့် အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကို အကာအကွယ်ပေးပါသည်။   စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် အာမခံစာချုပ်တွင် မပါဝင်သည့် အန္တရာယ်များမှအပ အလုံးစုံသောအန္တရာယ်များကို အကာအကွယ်ပေးပါတယ်။

အဆောက်အဦး၊ စက်ပစ္စည်း၊ ပရိဘောဂနှင့် ပရဝုဏ်အတွင်းရှိ ကုန်ပစ္စည်းများကို အာမခံထားနိုင်ပါသည်။

ကန်ထရိုက်တာအလုံးစုံအာမခံဆိုသည်မှာ ရုံးအဆောက်အဦး၊ စက်ရုံ၊ စျေးဝယ်စင်တာနှင့်  လူနေအိမ်ခန်းများ​ဆောက်လုပ်စဥ် ကာလအတွင်း သော်လည်းကောင်း၊  မော်တော်ကားလမ်း၊ မီးရထားလမ်း၊ တံတားများ၊ ဥမင်လိုဏ်ခေါင်းများ၊ ဆည်ကာတာများ၊ ရေပိုလွှဲများ၊ လေဆိပ်နှင့် မြေအောက် စျေးဝယ်စင်တာများ ဆောက်လုပ်ဆဲ ကာလအတွင်းသော်လည်းကောင်း အကာအကွယ်ပေးနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

ကန်ထရိုက်တာအလုံးစုံအာမခံသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာသော ပျက်စီး ဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသည်။ လုပ်ငန်းခွင်အတွင်း အာမခံထားသော ပစ္စည်းများ ရုတ်တရက် မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးခြင်းများကို အကာအကွယ်ပေးသည့်အပြင် အပိုအကာအကွယ်အဖြစ်
(က) သူတစ်ပါးထိခိုက်ဒဏ်ရာရရှိခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် အသက်သေဆုံးခြင်း
(ခ) သူတစ်ပါး၏ပိုင်ဆိုင်မှုများ မတော်တဆ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း
အစရှိသည်တို့ကိုအကာအကွယ်ပေးပါသည်။

ရေကြောင်းကုန်စည်အာမခံထားရန်အတွက် အောက်ပါ စာရွက်စာတမ်းများလိုအပ်ပါသည်။

(၁)  အဆိုပြုလွှာ အပြည့်အစုံ

(၂) အချက်အလက်စာရင်း အပြည့်အစုံ

(၃) ကုမ္ပဏီမှတ်ပုံတင်လိုင်စင်မိတ္တူနှင့် အစုရှယ်ယာဝင်အချက်အလက် (ကုမ္ပဏီများအတွက်သာ)

(၄) ပြေစာ/ ယာဉ်ပေါ်ပါကုန်ပစ္စည်းစာရင်း/ ကုန်သွယ်လုပ်ငန်းပြေစာ/ ပိုင်ဆိုင်ကြောင်းသက်သေအထောက်အထား

(၅)  ရေယာဉ်မှတ်ပုံတင်လိုင်စင်

(၆) သယ်ယူပို့ဆောင်ခွင့်လိုင်စင်

ရေကြောင်းကုန်စည်အာမခံပေါ်လစီသည် စတင်ထွက်ခွာချိန်မှ ဆိုက်ရောက်သည့်နေရာအထိ သွားနေစဉ် ကာလ အတွင်း ခရီးစဉ်တစ်ကြောင်းစာအတွက်သာ အကျုံးဝင်ပါသည်။ ကုန်ပစ္စည်းအတင်အချတွင် ဖြစ်ပေါ်သော ဆုံးရှံးမှုများအတွက်ကိုမူအပိုအကာအကွယ်ဝယ်ယူထားမှသာလျှင် အကာအကွယ်ရရှိနိုင်မည် ဖြစ်ပါသည်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားရန် အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

(၁) အဆိုပြုလွှာ အပြည့်အစုံ

(၂) အချက်အလက်စာရင်း အပြည့်အစုံ

(၃) ကုမ္ပဏီမှတ်ပုံတင်လိုင်စင်မိတ္တူနှင့် အစုရှယ်ယာဝင်အချက်အလက် (ကုမ္ပဏီများအတွက်သာ)

(၄)  ပြေစာ/ ယာဉ်ပေါ်ပါကုန်ပစ္စည်းစာရင်း/ ကုန်သွယ်လုပ်ငန်းပြေစာ/ ပိုင်ဆိုင်ကြောင်း သက်သေ အထောက် အထား

(၅) ယာဉ်မှတ်ပုံတင်လိုင်စင်

(၆)  သယ်ယူပို့ဆောင်ခွင့်လိုင်စင်

(၇)  ယာဉ်မောင်းလိုင်စင်

Still have you any problem for solutions?

Head office address:

No 13, Room (B-1), Ground Floor Lakeken Street, Pazundaung Township Yangon, Myanmar, PO-11171

Call for help:

09777884834

Mail for information:

info@karkwalpar.com

    Karkwalpar

    Describe to our newsletter.
    No, thanks
    Karkwalpar
    X